အောင်လံကုန်စည်ဒိုင်တွင် နှမ်းရောင်စုံဖြစ်သည့် နှမ်းနက်(စမုံ)၊ နှမ်းဖြူနှင့် နှမ်းနီသီးနှံ တို့ ဝင်ရောက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနက်(စမုံ) ကို ဒေသအနီးတဝိုက်မှလာရောက်၍ ရောင်းချကြသဖြင့် အဓိကရောင်းဝယ်သည့် သီးနှံတစ်ခု လည်း ဖြစ်ပါသည်။ နှမ်းနက်(စမုံ)နှင့် နှမ်းနီတို့မှာ စျေးအနည်းငယ်ကျဆင်းလာပြီး နှမ်းဖြူမှာ စျေးအနည်းငယ် မြင့်တက်လာသည်။ စျေးနှုန်းများအနေဖြင့် ယခင်လတွင် နှမ်းနက်(စမုံ) ၄၅ပိဿာ၃တင်းဝင် တစ်အိတ် လျှင် ကျပ်(၆၅၀၀၀၀)၊ နှမ်းဖြူ ၄၅ပိဿာ၃တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၃၅၀၀၀)၊ နှမ်းနီ ၄၅ ပိဿာ ၃တင်းဝင်တစ်အိတ်လျှင် ကျပ်(၃၃၅၀၀၀)၊ ယခုလတွင် နှမ်းနက်(စမုံ) ၄၅ပိဿာ ၃တင်း ဝင် တစ်အိတ်လျှင် ကျပ်(၆၀၀၀၀၀)၊ နှမ်းဖြူ ၄၅ပိဿာ၃တင်းဝင် တစ်အိတ်လျှင် ကျပ် (၃၄၅၀၀၀)၊ နှမ်းနီ ၄၅ပိဿာ၃တင်းဝင် တစ်အိတ်လျှင် ကျပ်(၃၃၀၀၀၀)စျေးတို့ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည့် အတွက် နှမ်းနက်(စမုံ) ၄၅ပိဿာ၃တင်းဝင် တစ်အိတ်လျှင် ကျပ်(၅၀၀၀၀)၊ နှမ်းနီ ၄၅ပိဿာ၃တင်းဝင် တစ်အိတ်လျှင် ကျပ်(၅၀၀၀)တို့စျေးကျခဲ့ပြီး နှမ်းဖြူ ၄၅ပိဿာ ၃တင်းဝင် တစ်အိတ်လျှင် ကျပ်(၁၀၀၀၀)စျေးအနည်းငယ်မြင့်တက်လာကြောင်း ကုန်စည်ဒိုင် သတင်းများအရ သိရှိရသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး