Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း မွေးမြူရေးအသားစားကြက် ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း မွေးမြူရေးအသားစားကြက် ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ မွေးမြူရေးနှင့် ရေထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ချိုက ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက မွေးမြူရေးအသားစားကြက် ပိဿာချိန် ၆၄၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း မွေးမြူရေးအသားစားကြက် ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။ “ပန်းတနော်မြို့ကနေ ရန်ကုန်ဈေးကွက်ထဲကို ဒီဇင်ဘာလတစ်လအတွင်း ကြက်သားပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါသည်။ ပန်းတနော်မြို့ကနေ ရန်ကုန်ဈေးကွက်ကို မွေးမြူရေးအသားစား ကြက်တွေအပြင် အခြား ရေထွက်ကုန်တွေကိုလဲ တင်ပို့ရောင်းချနေပါတယ်။ မွေးမြူရေးကြက်သားတွေ အရောင်းအဝယ်ကောင်းလာတာကြောင့် မွေးမြူတဲ့သူတွေကတော့ အဓိကအဆင်ပြေတာတွေ့ရပါတယ်” ဟု ပန်းတနော်မြို့နယ် မွေးမြူရေးနှင့် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် မွေးမြူရေးကြက်သား ၁၀ ပိဿာလျှင် ငွေကျပ် ၁၁၀၀၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ မွေးမြူရေးကြက်သားများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုအား ကောင်းလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ အဆင်ပြေနေကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ                        

Category: Local News