အိန္ဒိယနိုင်၏ ပဲရည်ညွှန်ဈေး သတ်မှတ်မည့်သတင်းများကြောင့် ပို့ကုန်ပဲများဈေးကျဆင်းနေကြော
ပို့ကုန်ပဲတွေ သီတင်းပတ် နှစ်ပတ်ဆက်တိုက် ဈေးကျဆင်းနေကြောင်း စံချိန်တင်အမြင့်ဆုံး ဈေးတွေပေါက်ဈေးရှိလာရာမှ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲ ဈေးနှုန်းကို သက်မှတ်ဈေးအတိုင်း ရောင်းချရန်ဆိုသည့် သတင်းများကြောင့် ရန်ကုန်ဝယ်လက်များ၏ စောင့်ကြည့်ဝယ်ယူမှုများကြောင့် ပြည်တွင်း ပဲဈေးတွေကျဆင်းကြောင်း ပြည်တွင်းသုံးပဲမာလိုင်းများမှာ နယ်စုံဝင်လာတာကြောင့် အမြင့်ဈေးမှ အနည်းငယ်ကျဆင်းလာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
" ပဲစင်းငုံ၊ မတ်ပဲတွေ ဈေးကျဆင်းလာပါတယ်။ ပို့ကုန်ပဲစင်းငုံ တစ်အိတ် အမြင့်ဆုံးဈေး ငွေကျပ် ၄၂၀၀၀၀ ထိ ပေါက်ဈေးရောက်မှ ဒီနေ့ပေါက်ဈေးတစ်အိတ် ငွေကျပ် ၃၆၅၀၀၀ ထိဈေးကျ ဆင်းသွားတယ်။ ပြည်တွင်း ပဲမာလိုင်းတွေကလည်း အသစ်ဝင်ရောက်မှုများလာပါတယ်။ တစ်အိတ် ငွေကျပ် ၄ သိန်း ကျော် ပဲတွေကတော့ ဈေးအေးလာမယ့် အခြေအနေရှိလာပါတယ်။အိန္ဒိယနိုင်ငံမှာလည်း ပဲဈေးကို ရည်ညွှန်းဈေး သတ်မှတ်မယ့်သတင်းတွေကြောင့် ယခုလိုဈေးကျဆင်း လာတာပါ။ ဈေးကွက်တစ်ခုလုံး ခြုံသုံးသပ်ရရင် လက်ရှိပေါက် ဈေးတွေနဲ့ အရောင်းအဝယ်ခပ် အေးအေးသာရှိနေပါတယ်။ မြေပဲဆံတစ်မျိုးသာ ပြည်တွင်းစက်ပိုင်များ အဝယ်ကောင်းနေလို့ ဈေးအကောင်းကြီးမဟုတ်သော်လည်း အရောင်းအဝယ်သွက်နေပါတယ်" ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၂၂ ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၆၆၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၇၀၀၀၊ ကုလားပဲ v7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၉၀၀၀ ပေါက်စျေးရှိနေသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၁၀၀၀၊ မြေပဲအနီ လုံးဆံ(မြင်းမူ)တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀-၈၇၀၀ ပေါက်စျေးရှိနေသည်။ဖေဖော်ဝါရီလ ၂၂ ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၁၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။
Source: မကွေးဂျာနယ်