အမေရိကန်တွင် ကြက်ဥဈေးနှုန်းများ တိုးမြှင့်လာသည့်အတွက်၊ တူရကီနှင့် တောင်ကိုရီးယားမှ ကြက်ဥများကို တင်သွင်းရန် ဆောင်ရွက်မည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီး ယခုတင်သွင်းမှုကြောင့် အမေရိကန်ရှိ စားသုံးသူများအတွက် ဈေးနှုန်းတိုးတက်မှုကို ထိန်းချုပ်နိုင်ရန် မျှော်လင့်ထားပါတယ်။ အမေရိကန်တွင် ကြက်ဥဈေးနှုန်းများမြင့်တက်ရခြင်းမှာ ကြက်ဌက်တုပ်ကွေး ရောဂါကြောင့် မွေးမြူရေးလုပ်ငန်းများထိခိုက်မှုဖြစ်ပေါ်ခဲ့ခြင်းနှင့် ထုတ်လုပ်မှုလျှော့ချမှုများကြောင့် ကြက်ဥဈေးမြင့်တက်လာရခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် အမေရိကန်အစိုးရသည် နိုင်ငံတကာမှ ကြက်ဥများကို တင်သွင်းရန် ဆောင်ရွက်လျက်ရှိပြီး၊ ထိုသို့ တင်သွင်းမှုများသည် စျေးကွက်တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများရရှိစေရန် အထောက်အကူဖြစ်နိုင်မည်ဟု တွက်ဆထား ပါတယ်။
Source: https://www.doca.gov.mm