Omoda & Jaecoo Vietnam သည် နိုင်ငံတစ်ဝှမ်း EV အားသွင်းရုံကွန်ယက်များ တည်ထောင်ရန် အဓိကမိတ်ဖက် ၅ ခုနှင့် ဗျူဟာမြောက်သဘောတူညီချက်များ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုမိတ်ဖက်ဖွဲ့မှုတွင် EV အားသွင်းရုံများတည်ထောင်ခြင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုဝန်ဆောင်မှုဖြစ်သည့် EV pay၊ ဘက်ပေါင်းစုံအားသွင်းမှုဖြေရှင်းချက်များ ဖြစ်သည့် Rabbit EVC နှင့် အကြီးစားပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းဖြစ်သည့် Nova Energy တို့ပါဝင်ကြောင်း သိရပါသည်။ ထိုပူးပေါင်းဆောင်ရွက်မှုသည် Omaoda & Jaecoo ၏ ဗီယက်နမ်မြောက်ပိုင်း Thai Binh ပြည်နယ်တွင် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် တပ်ဆင်မှုလုပ်ငန်းစဉ်များမတိုင်မီ ဗီယက်နမ်နိုင်ငံ၏အားသွင်းရုံအခြေခံအဆောက်အအုံ အားကောင်း စေရေးအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ထိုအားသွင်းရုံကွန်ယက်ကို အဓိကမြို့တော်များ၊ ဈေးဝယ်စင်တာများ၊ အဆင့်မြင့်အိမ်ရာများနှင့် အဝေးပြေးလမ်းမများတွင် တည်ထောင်မည်ဟု သိရပါသည်။ မိုဘိုင်း application မှတစ်ဆင့် Smart စီမံခန့်ခွဲမှုနည်းပညာ တွင် အသုံးပြုသူများအား အားသွင်းရုံတည်နေရာများ၊ ရရှိနိုင်မှုများနှင့် ငွေပေးချေမှုပုံစံများနှင့် ပတ်သတ်၍သိရှိစေနိုင်မည်ဟု သိရပါသည်။ Omoda & Jaecoo Vietnam သည် လျှပ်စစ်နှင့် Hybrid မော်တော်ယာဉ်များအတွက် မက်လုံးများပေးထားကြောင်း သိရပါသည်။ ၎င်တို့ထုတ်လုပ် မည့် Jaecoo J7 PHEV သည် Super Hybrid စနစ်တပ်ဆင်ထားပြီး အပြည့်အဝအားပြည့်ပါက ကီလို ၁၃၀၀ ကျော်ထိ မောင်းနှင်နိုင်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ၏ Cherry Automobile နှင့် ဗီယက်နမ်၏ Omoda & Jaecoo Vietnam တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံမည့်ကားတပ်ဆင်မည့်စက်ရုံကို Thai Binh ပြည်နယ်တွင် တည်ဆောက်မည်ဟု သိရ ပါသည်။ ၂၀၂၆ တွင် စတင်ဖွင့်လှစ်မည့်ထိုစက်ရုံသည် ဗီယက်နမ်၏ မော်တော်ကားထုတ်လုပ် သည့်စွမ်းရည်နှင့် ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကို အရှိန်မြှင့်တင်ရန်မျှော်လင့်ရကြောင်း သိရ ပါသည်။
Source: https://www.doca.gov.mm
 
                     
                     
                         
                        