International News

အင်ဒိုနီးရှား၏ ပြည်ဖြိုးမြဲစွမ်းအင်နှင့် အခြေခံအဆောက်အအုံစီမံကိန်းများတွင် ငွေကြေးထောက်ပံ့ပေးရန် New Development Bank ဆန္ဒရှိ

Last Updated:

အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုဝန်ကြီး Rosan Perkasa Roeslani က New Development Bank(NDB) သည် အင်ဒိုနီးရှားတွင် ပြည့်ဖြိုးမြဲစွမ်းအင်မှသည် အခြေခံအဆောက်အအုံများအထိ စီမံကိန်းများတွင် ငွေကြေးထောက်ပံ့မှုဖြင့် ပူးပေါင်းပါဝင်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ Roeslani က NDB သည်  BRICS နိုင်ငံများ၏ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဖြစ်ပြီး အစောပိုင်းကာလကလည်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးထားကြောင်း သိရပါသည်။ ၎င်းတို့သည် အင်ဒိုနီးရှားအား အဖွဲ့ဝင်ဖြစ်လာရန် ဖိတ်ခေါ်ခဲ့ပြီး NDB တွင် အင်ဒိုနီးရှား၏ပါဝင်မှုသည် BRICS နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ဘဏ္ဍာရေးပိုင်းတွင် ပူး‌ပေါင်းဆောင်ရွက် မှုအားကောင်းရန် မျှော်မှန်းရကြောင်း သိရပါသည်။ ဝန်ကြီးက လတ်တလောတွင် NDB နှင့် အထူး ပူးပေါင်းဆောင်ရွက်မှုမရှိသေးသော်လည်း ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့သည့် အကြောင်း အရာတစ်ခုမှာ စွန့်ပစ်ပစ္စည်းမှစွမ်းအင်ထုတ်လုပ်သည့်နယ်ပယ်တွင်ဖြစ်ကြောင်း သိရပါသည်။ NDB သည် တူညီသည့်စီမံကိန်းများတွင် ဘဏ္ဍာရေးထောက်ပံ့ခြင်း၌ အတွေ့အကြုံရှိပြီး အင်ဒိုနီးရှားအား ၎င်းတို့၏ကိုယ်တွေ့အကောင်အထည်ဖော်မှုကို လေ့လာရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ ပြည့်ဖြိုးမြဲစွမ်းအင်အပြင် NDB နှင့်ဆွေးနွေးမှုများတွင် အခြေခံအဆောက်အအုံ ကဏ္ဍပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် NDB ဥက္ကဌ Dilma Vana Rousseff နှင့် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Prabowo Subianto က NDB အဖွဲ့ဝင်ဖြစ်လာရန် အင်ဒိုနီးရှားအစိုးရ၏ဆုံးဖြတ်ချက်ကို ကြေညာခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် အစောပိုင်းတွင် BRICS အမြဲတမ်းအဖွဲ့ဝင် တရားဝင်ဖြစ်လာကြောင်း သိရပါသည်။

Source: https://www.doca.gov.mm

Category: International News