Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လတွင်း ပန်းကဏန်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပန်းကဏန်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်းက ပန်းကဏန်းပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပန်းကဏန်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ပန်းကဏန်းများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ပန်းကဏန်းတွေအပါအဝင် ရေထွက်ကုန်တွေကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ပန်းကဏန်းပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ အခု ဩဂုတ်လထဲမှာလဲ လပွတ္တာမြို့နယ်ဘက်ကနေထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အိအိဌေးက ပြောပြသည်။

လပွတ္တာမြို့နယ်မှ ပန်းကဏန်းများအပါအဝင် ‌ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး တင်ပို့ရောင်းချနေသည့် ပန်းကဏန်း ၁၀ ပိဿာလျှင် ငွေကျပ် ၂၈၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ပင်လယ်ပန်းကဏန်းများ ဝယ်ယူများပြားလာခြင်းကြောင့် ရေလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News