Local News

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အာဆီယံသပြေပန်း စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင် တစ်နိုင်အာဆီယံသပြေပန်း စိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။ “အာဆီယံသပြေ အပင် ၁၀၀၀ ကျော်စိုက်ပျိုးထားတာ ရှစ်နှစ်ခန့်ရှိပြီဖြစ်ပါသည်။ စိုက်ပျိုးရာမှာ လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ မြို့တွင်းရောင်းချကြတဲ့ ပန်းသည်တွေနဲ့ နမ်တော၊ နောင်ပိုအောင်ဈေးကို သွားရောက်ရောင်းချတဲ့ ပန်းသည်တွေက ခြံအထိ လာရောက်ဝယ်ယူကြပါသည်။ ပန်း ငါးခက်ကို ငွေကျပ် ၁၀၀၀ နဲ့ ရောင်းရတဲ့အတွက် တစ်ရက်မိသားစုဝင် ငွေကျပ် ၃၀၀၀၀ ကျော်ရရှိပါတယ်” ဟု အာဆီယံ သပြေပန်းစိုက်ပျိုးသူခြံပိုင်ရှင် ဒေါ်တင်ရီက ပြောသည်။ ဟုမ္မလင်း မြို့နယ်တွင် အာဆီယံသပြေပန်းကို နေအိမ်ခြံဝင်းများအတွင်း နွေ၊ မိုး၊ ဆောင်း ရေတင်စိုက်ပျိုးကြကြောင်း၊ မိုးရာသီ၌ အထွက်နှုန်းကောင်းပြီး ရောင်းအားပိုမိုကောင်းမွန်ကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရှိ ရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News