ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်နှင့် ဟိုပုံးမြို့နယ်တို့ရှိ သမဝါယမအသင်းသားများ စုပေါင်းဖွဲ့စည်းထားသည့် Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ ယခုနှစ် အောက်တိုဘာလအတွင်း ပြည်ပပို့ကုန်အဖြစ် ကော်ဖီ Green Bean တစ်အိတ်လျှင် ကီလို ၆၀ ဖြင့် ကော်ဖီတန်ချိန် ၆၈ ဒသမ ၁၆ တန်ကို ဘယ်လ်ဂျီယံနိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ယနေ့အချိန်ထိ ကော်ဖီတန်ချိန်ပေါင်း ၁၀၂ ဒသမ ၂၄ တန်အထိ ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ