ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း မနောသုခဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူအောင်က ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း မနောသုခဆန် ၂၄ ပြည်ဝင်အိတ်ရေး ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း မနောသုခ ဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဆန်အမျိုးအစားသည် ဆန်ကြမ်းအုပ်စုတွင် ပါဝင်သည့် ဆန်အမျိုးအစားဖြစ်ကြောင်း သိရသည်။ “၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဘိုကလေးမြို့နယ်ကနေ မနောသုခဆန်တင်းရေအများအပြားရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချ နိုင်ခဲ့ကြောင်းသိရသည်။ ဘိုကလေးမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အများဆုံး တင်ပို့ရောင်းချနေပါတယ်။ မနောသုခဆန်အမျိုးအစားက ဆန်ကြမ်းအုပ်စုထဲမှာပါတဲ့ ဆန်အမျိုးအစားဖြစ်ပါသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် မနောသုခဆန် ၂၄ ပြည်ဝင် ၁၀ အိတ်လျှင် ငွေကျပ် ၉၉၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဆန်အိတ်များ အရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ