တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီးဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး လက်ရှိတွင် ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင်(၁၈၀၀ဝိ/-၁၉၀၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ ယခုအချိန်သည် ကွမ်းသီးများထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်စျေးနှုန်း နှိုင်းယှဉ်ရာဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ကျေးရွာများမှထွက်ရှိသော ဒေသထွက် ကွမ်းသီးခြမ်းများကို ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm