Local News

ထားဝယ်မြို့ရှိ သီဟိုဠ်ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

Last Updated:

တနင်္သာရီတိုင်းဒေသကြီး၏သီဟိုဠ်ဈေးနှုန်းများမှာ မတ်လစတုတ္ထပတ်အတွင်း သီဟိုဠ်ပုံချောအသန့် တစ်ပိဿာလျှင် (၅၅၀၀၀)ကျပ်နှင့် အခွံကြမ်း တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ရှိပြီး ယခင်ဖေဖော်ဝါရီလကထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမှာ ထားဝယ်မြို့ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၏ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့်ကော့သောင်းခရိုင်များရှိဈေးနှုန်းများမှာ ခရိုင်အလိုက် ပျမ်းမျှအားဖြင့် အနည်းငယ်ခန့် ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News