၂၀၂၅ ခုနှစ် မတ်လအတွင်း မြန်မာနှင့်ထိုင်းနိုင်ငံကြား ကုန်သွယ်မှုမြင့်တက်လာသည်။ မြန်မာနိုင်ငံသည် ကြွေထည်နှင့်မြေထည်ပစ္စည်းများ၊ ဆိတ်သား၊ အသားခြောက် နှင့် စက်မှုလုပ်ငန်း ထုတ်ကုန်များတို့ကို ထိုင်းနိုင်ငံသို့ ပိုမိုရောင်းချနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ၏ အစားအစာကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် ၅ ရာခိုင်နှုန်းမြင့်တက်လာနိုင်ပြီး ဘတ် ၇၀၀ ဘီလီယံသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားပါတယ်။ ထိုင်း-မြန်မာကုန်သွယ်ရေးသည် တရားဝင်နယ်စပ်ဂိတ်များမှတဆင့်သာမက၊ ကုန်သွယ်ရေးလမ်းကြောင်းအသစ်များကိုလည်း အသုံးချလာခြင်းကြောင့် ပိုမို ပြန်လည်အသက်သွင်းလာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများကဆိုပါတယ်။ ထိုင်းကုန်သွယ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် စက်မှုထုတ်ကုန်များ ပိုမိုအားကောင်းလာမှုသည် အနာဂတ်တွင် ထိုင်း-မြန်မာ ကုန်သွယ်ရေးကို ပိုမို တိုးတက်စေမည်ဟု ခန့်မှန်းရပါသည်။
Source: https://www.doca.gov.mm