Local News

ငပုတောမြိုနယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း နေလှန်းဆားပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ဒေသထွက်နေလှန်းဆား ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်စုခိုင်က ပြောပြ၍ သိရသည်။ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်းက ဒေသထွက် နေလှန်းဆားပိဿာချိန် ၆၅၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ နေလှန်းဆား ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၄၄၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ငပုတောမြို့နယ်ကနေ ဒေသထွက်နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ မေလထဲမှာလဲ ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချနေရပါတယ်။ ဒီဘက်ကထွက်တဲ့ နေလှန်းဆားတွေက အရည်အသွေးလဲကောင်းပါတယ်” ဟု ဒေါ်စုခိုင်က ပြောပြသည်။

Source: ရတနာပုံသတင်းစာ

Category: Local News