Local News

ဆန်၊ ဆန်ကွဲ၊ ဖွဲနုဈေးများ အနည်းငယ်မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၇.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် (၈၈၀၀ဝ)ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ်(၆၈၀၀ဝ)ကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်(၁၂၈၀၀ဝ)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် (၅၂၀၀ဝ)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် (၅၀၀၀ဝ) ကျပ်နှင့် ဖွဲနု တစ်အိတ် (၁၃၂၀ဝ) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၄.၅.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ) (ဟောင်း) တစ်အိတ် (၉၀၀၀ဝ)ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် (၇၅၀၀ဝ) ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် (၁၃၀၀၀ဝ)ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် (၅၃၀၀ဝ)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် (၅၁၀၀ဝ)ကျပ်နှင့် ဖွဲနု တစ်အိတ်  (၁၅၃၀ဝ)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် (၂၀၀ဝိ/-)ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် (၇၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် (၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် (၁၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B (2,3,4) တစ် အိတ် (၁၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ် (၂၁၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်၊ ဆန်ကွဲနှင့် ဖွဲနုဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News