International News

ဝန်ကြီးဌာနနှစ်ခုနောက်ဆုံးညှိနှိုင်းမှုအပြီးစက်သုံးဆီဈေးနှုန်းများအနည်းငယ်မြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ မေလ ၂၃ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးညှိနှိုင်းမှုအပြီးတွင် စက်သုံးဆီနှင့် ရေနံထွက်ပစ္စည်းအားလုံး ၏ လက်လီဈေးနှုန်းများအနည်းငယ် မြင့်တက်ခဲ့ကြောင်း Viet Nam News အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

RON92 ၏ လက်လီစျေးနှုန်းသည် တစ်လီတာလျှင် VNĐ162 (0.87 ဒေါ်လာ) မြင့်တက်ခဲ့ပြီး VNĐ22,277 ကျသင့်ကာ RON95-III သည် တစ်လီတာလျှင် VNĐ78 မြင့်တက်ကာ VNĐ23213 ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

ဒီဇယ်၊ ရေနံဆီဈေးနှုန်းများမှာ တစ်လီတာလျှင် VNĐ19,837၊ တစ်လီတာလျှင် VNĐ19,902 ဖြစ်ပြီး VNĐ36 နှင့် VNĐ 6 အသီးသီး တက်သွားကြောင်းနှင့် Mazut ဆီဈေးနှုန်းမှာ တစ်ကီလိုလျှင် VNĐ 95 မြင့်တက်ခဲ့ပြီး  VNĐ 17,513 ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ စျေးနှုန်းညှိနှိုင်းမှုတွင် ဝန်ကြီးဌာနနှစ်ခုသည် စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေး ရန်ပုံငွေကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြောင်းဖော်ပြထားပါသည်။

 

 

Source : Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News