Local News

ဆန်နှင့် ပဲမျိုးစုံ ဈေးနှုန်းများ

Last Updated:

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၏  ဆန်ဈေးနှုန်းများမှာ  ပေါ်ဆန်းဆန် ကျပ် ၁၁၅၀၀၀ ၊ ပေါ်ကျွဲ ဆန် ကျပ် ၁၀၅၀၀၀၊ ဧည့်မထဆန် ကျပ် ၇၈၀၀၀၊ ငစိန်ဆန် ကျပ် ၇၂၀၀၀ နှင့် ဆန်ကွဲ ကျပ် ၄၉၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပေါ်ဆန်းဆန် ကျပ် ၁၅၀၀၀ နှင့် ဆန်ကွဲ ကျပ် ၂၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ဆန်များဈေးငြိမ်လျက်ရှိသည်။ ယခုကာလအတွင်း ဝါးတန်းကုန်စည်ဒိုင်သို့ နယ်စုံမှ ဆန်အိတ်ရေ ၁၂၆၉၅၂ နှင့် ဆန်ကွဲအိတ်ရေ ၂၅၇၁၀၊ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေ ၉၆၁၂၁ ဝင်ရောက်ခဲ့ရာ ဆန်နှင့်ဆန်ကွဲအိတ်ရေ စုစုပေါင်း ၂၄၈၇၈၃ ခန့် ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ ကျပ် ၃၁၄၉၀၀၀၊ ပဲစင်းငုံ ကျပ် ၄၀၈၇၀၀၀၊ ပဲတီရွှေဝါ ကျပ် ၂၃၄၅၅၀၀၊ ထောပတ်ပဲ ကျပ် ၃၅၁၂၁၀၀၊ ပဲတီစိမ်း ကျပ် ၁၉၉၀၃၀၀၊ ပဲလွန်းဖြူ ကျပ် ၂၁၄၃၄၀၀၊ ပဲလွန်းနီ ကျပ် ၁၉၄၁၃၀၀၊ ဘိုကိတ်ပဲ   ကျပ် ၂၁၄၃၄၀၀၊ ပဲပုပ် ကျပ် ၁၉၄၁၃၀၀၊  ကုလားပဲ ကျပ် ၂၇၀၆၈၀၀၊ စွန်တာနီ/ပြာ ကျပ် ၁၉၇၁၉၀၀ နှင့် ပဲကြီး ကျပ် ၃၄၆၉၂၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ ကျပ်  ၈၁၀၀၀၊ ပဲစင်းငုံ ကျပ် ၁၃၈၀၀၀၊ ဘိုကိတ်ပဲ ကျပ် ၅၂၀၀၀ နှင့် ပဲပုပ် ကျပ် ၇၉၆၀၀  အသီးသီး ဈေးမြင့်တက်ခဲ့ပြီး ကျန်ပဲများမှာ ဈေးငြိမ်လျက်ရှိသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

Category: Local News