International News

ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကင်းပုစွန်ထုပ်အရှင် ၃ တန်ကျော်တင်ပို့ခဲ့

Last Updated:

ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန အဆိုအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် စမ်းသပ်သည့်အနေဖြင့်စခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ ကင်းပုစွန်ထုပ်(Mantis Prawn) အရှင် တင်ပို့မှုသည် ယခုအခါ ၃ တန်ကျော်သွားပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ၁,၀၉၅ ကီလို ဂရမ်သာ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ပထမ ၂ လအတွင်း အလေးချိန် ၂၁၀၀ ကီလိုဂရမ်ထိ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ရာသီဥတုပူပြင်းမှုကြောင့် ကင်းပုစွန်ထုပ်တင်ပို့မှုမှာ နည်းပါးသော်လည်း အေးသောရာသီတွင် တိုးမြင့်တင်ပို့မည်ဖြစ်ကြောင်း၊ ပုစွန်ထုပ်အရှင် ဝယ်လို အားမြင့်မားသည့် တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရန် ဝန်ကြီးဌာနနှင့်ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

Source: https://www.khmertimeskh.com

Source: ကုန်သွယ်ရေးဦးစီးဌာန၊ WTO ဌာနခွဲ

Source: https://commerce.gov.mm

Category: International News