Local News

မန္တလေးမြို့ရဲ့ မတ်ပဲဈေးကွက်

Last Updated:

မန္တလေးတိုင်း‌ဒေသကြီးအတွင်း မတ်ပဲစိုက်ပျိုးမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ဧက (၁၆၀၁၅)ဧက၊ အထွက်နှုန်း(၁၃.၀၅)တင်း၊ အထွက်တင်းပေါင်း(၂၀၉၀၆၇)တင်း ထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင်(၃၂၁၄၂)ဧက စိုက်ပျိုးပြီး၊ ဖေဖော်ဝါရီလကုန်အထိ ရိတ်သိမ်းပြီးစီးမှုမှာ (၂၆၀၄၅)ဧကဖြစ်၍ အထွက်နှုန်းအနေဖြင့် (၁၂.၉၃)တင်း၊ အထွက်တင်းပေါင်း (၃၃၆၆၅၄) တင်း ထွက်ရှိကြောင်းနှင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဧက (၁၆၀၀၀)ကျော် ပိုမိုစိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုး‌ရေးဦးစိးဌာန၏ စာရင်းများအရ သိရှိရပါသည်။ယခုနှစ်တွင် စိုက်ဧကနှစ်ဆတိုးလာကာ ပဲယင်းနီနှင့် ပဲတီစိမ်းအစား ဈေးကွက်ဝယ်လိုအားကောင်းသော မတ်ပဲကို ပိုမိုစိုက်ပျိုးကြောင်း သိရှိရပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ မတ်ပဲဝင်ရောက်မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မြောင်နှင့် မြင်းမူမြို့များမှဝင်ရောက်မှုများပြီး ကသာ၊ ထီးချိုင့်မြို့များ၊ တိုင်းတွင်းဒေသများဖြစ်သော စဉ့်ကူး၊ တကောင်းမြို့များအပြင် ဧရာဝတီတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်မှုရှိပါသည်။ မန္တလေးဈေးကွက်အတွင်း လက်ရှိဖြစ်ပေါ်နေသော ပိဿာ(၆၀)ဝင် (၃)တင်းအိတ် မတ်ပဲဈေးနှုန်းများမှာ (၂၇၈၀၀၀-၂၈၂၀၀၀)ကျပ်၊ ယခင်လတွင် (၂၇၇၀၀၀-၂၇၈၀၀၀) ကျပ်နှင့် ယခင်နှစ်ကာလတူဈေးနှုန်းများအနေဖြင့် (၂၇၀၀၀၀-၂၈၀၀၀၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ 

Source: https://www.doca.gov.mm

Category: Local News