Local News

ဧရာဝတီတို်ငးဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ထွက်ရှိသည့်ဒေသထွက် ကန်စွန်းဥများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ထွက်ရှိသည့်ဒေသထွက် ကန်စွန်းဥများဝယ်ယူမှုများပြားပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လှဝင်းက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်တွင် ယခုနှစ် မတ်လ ဒုတိယပတ်မှစတင်ပြီး မတ်လ ၂၄ ရက်နေ့ထိ ဒေသထွက်ကန်စွန်းဥများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသတွင် ယခုလက်ရှိကန်စွန်းဥများပေါ်နေချိန်ဖြစ်ပြီး ကန်စွန်းဥ တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ လက်ရှိ ဒေသခံတောင်သူတွေစိုက်ထားတဲ့ကန်စွန်းဥတွေ စတင်ပေါ်နေတဲ့အချိန်ဖြစ်ပါတယ်။ အခုလိုကန်စွန်းဥတွေပေါ်နေတဲ့အချိန်မှာ အရောင်းအဝယ်ကောင်းမွန်နေတာကြောင့် ကန်စွန်းဥစိုက်တဲ့တောင်သူတွေကော လယ်ယာလုပ်သားတွေပါ အဆင်ပြေလာတာတွေ့ရပါတယ်။ အခုလက်ရှိမှာလဲ ကန်စွန်းဥတွေကို ရန်ကုန်ဈေးကွက်ကပါ ဝယ်ယူမှုတွေများနေလို့ အရောင်းအဝယ်ကောင်းနေပါတယ်” ဟု ကျောင်းကုန်းမြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်လှလှဝင်းက ပြောပြသည်။ ကျောင်းကုန်းမြို့နယ်တွင် တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းရှင်နှင့် ယှဉ်တွဲပြီး ကန်စွန်းဥအပါအဝင်အခြားရာသီပေါ်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ အဆိုပါ ကန်စွန်းဥကို တောင်သူတစ်ဦးလျှင် ကန်စွန်းဥတစ်ဧကမှ ငါးဧက စသဖြင့်စိုက်ပျိုးကြပြီး ကန်စွန်းဥတစ်ဧကလျှင် စိုက်ပျိုးစရိတ်ငွေကျပ် ၃၅၀၀၀၀ ထိကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် အပျက်အစီးအလေအလွင့်မရှိပါက ငွေကျပ် ၉၀၀၀၀၀ ကျော်ထိရရှိကြောင်း ကျောင်းကုန်းမြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းများ ‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လှလှဝင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News