International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စန္ဒာဘန်ပျားရည်အား ပထဝီဝင်အညွှန်းကိန်းဆိုင်ရာ(GI ) ထုတ်ကုန်အဖြစ် မှတ်ပုံတင်ထားခဲ့

Last Updated:

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စန္ဒာဘန်ပျားရည်အား ဘင်္ဂလားဒေ့ရှ်၏ ပထဝီဝင်အညွှန်းကိန်းဆိုင်ရာ(GI) ထုတ်ကုန်အဖြစ် မှတ်ပုံတင်ထားကြောင်း ဘင်္ဂလားဒေ့ရှ်၊ စက်မှုဝန်ကြီးဌာနအောက်ရှိ မူပိုင်ခွင့် ၊ ဒီဇိုင်းနှင့် ကုန်အမှတ်တံဆိပ်ဌာန (DPDT) က ဇွန်လ ၃၀ ရက်နေ့ထုတ်ပြန်ခဲ့ပါသည်။

ဘာဂါဟတ် (Bagerhat) ခရိုင်အုပ်ချုပ်ရေးမှူး၏ လျှောက်လွှာအပေါ် သုံးသပ်ချက်များပါဝင်သော မှတ်တမ်းကို ဘင်္ဂလားဒေ့ရှ် အစိုးရသတင်းစာ (BG Press) သို့ ပေးပို့ထားပြီး သတင်းစာထုတ်ဝေသည့် နေ့မှစ၍ နှစ်လအတွင်း ကန့်ကွက်မှုမရှိပါက စန္ဒာဘန်ပျားရည်ကို ဘင်္ဂလားဒေ့ရှ်၏ ပထဝီဝင် အညွှန်းကိန်းဆိုင်ရာ (GI) ထုတ်ကုန်အဖြစ်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၇ ခုနှစ် အတွင်းကလည်း စန္ဒာဘန်ပျားရည်ကို ပထဝီဝင်အညွှန်းကိန်းဆိုင်ရာ(GI)ထုတ်ကုန်အဖြစ် မှတ်ပုံတင်ရန် ဘာဂါဟတ်ခရိုင်၊ ဒုတိယကော်မရှင်နာက လျှောက်လွှာတင်သွင်းခဲ့သော်လည်း မူပိုင်ခွင့်၊ ဒီဇိုင်းနှင့် ကုန်အမှတ်တံဆိပ်ဌာန (DPDT) က လျှောက်လွှာစစ်ဆေးနေစဉ် အချက်အလက်များ ထပ်မံတောင်းဆိုခဲ့ဖြင့် ဘင်္ဂလားဒေ့ရှ်၊ စံချိန်စံညွှန်းနှင့် စမ်းသပ်စစ်ဆေးမှုအဖွဲ့မှ ပျားရည်၏ အာဟာရအရည်အသွေးအပေါ် စမ်းသပ်မှုအစီရင်ခံစာကို DPDT သို့ တင်ပြခဲ့ရပါသည်။

Source: https://www.bssnews.net

Source: ကုန်သွယ်ရေးဦးစီးဌာန၊ WTO ဌာနခွဲ

Source: https://commerce.gov.mm

Category: International News