Local News

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ရာသီပေါ်ဈေးကောင်းရသည့် ပိန်းဥ၊ ကန်စွန်းဥ ဈေးနှုန်းဈေးကွက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်ဈေးကောင်းရနေသည့် ပိန်းဥနှင့်ကန်စွန်းဥများကို ရောင်းချလျက်ရှိရာ ပိန်းဥနှင့် ကန်စွန်းဥများသည် စက်တင်ဘာလနောက်ဆုံးပတ်တွင် ဈေးကွက်အတွင်းသို့ စတင်ရောင်းချပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ရှိ၍ ဈေးကောင်းရလျက်ရှိကြောင်း၊ ပိန်းဥကို ဟင်းချိုရည်အဖြစ်လည်းကောင်း၊ သားရေစာအဖြစ်လည်းကောင်း စားသုံးကြပြီး၊ ကန်စွန်းဥကိုလည် သားရေစာ၊ ကန်စွန်းယိုနှင့် ပူတင်းအဖြစ်လည်းကောင်း စားသုံးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ပိန်းဥနှင့်ကန်စွန်းဥများကို မန္တလေးမြို့မှ မှာယူရောင်းချကြောင်း၊ ယခင်နှစ်တွင် ပိန်းဥနှင့် ကန်စွန်းဥဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၃၀ဝိ/-)ကျပ်မှ (၁၅၀ဝိ/-) ကျပ်ဖြစ်ခဲ့ပြီး၊ ယခုနှစ်တွင် ပိန်းဥနှင့်ကန်စွန်းဥဈေးနှုန်းမှာ (၁)ပိဿာလျှင်(၂၃၀ဝိ/-)ကျပ်မှ (၂၅၀ဝိ/-) ကျပ်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

source: https://www.doca.gov.mm

Category: Local News