Local News

မြေပဲဆန်အသစ်များ အရောင်းအဝယ်သွက်နေ

Last Updated:

အောက်တိုဘာလ တတိယပတ် အတွင်း မန္တလေးဈေးကွက်သို့ ကျောက်ပန်းတောင်း၊ နွားထိုး၊ မကွေး၊ အောင်လံ နှင့်  ပြည် ဒေသများမှ မြေပဲဆန်အသစ်များဝင်ရောက်နေပြီး အရောင်း အဝယ်သွက်နေကြောင်း သိရသည်။ S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၈၀၀မှ ၈၃၀၀ ၊ ယခင်တစ်ပတ် ကျပ် ၇၅၀၀ မှ ၇၈၀၀၊ ယခင်လ ကျပ် ၈၂၀၀ မှ ၈၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ ၅၀၀ မြင့်တက်လာပြီး ၊ ယခင်လထက် ကျပ်  ၂၀၀ မှ ၄၀၀ နိမ့်ကျလာသည်။ S1 ဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ်  ၆၆၀၀ မှ ၇၃၀၀ ၊ ယခင်တစ်ပတ် ကျပ် ၆၇၀၀ မှ ၇၁၀၀၊ ယခင်လ ကျပ် ၇၄၀၀ မှ ၇၆၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀မှ ၂၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ်  ၃၀၀ မှ ၈၀၀  ဈေးနိမ့်လာသည်။ S1 ရွေးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၃၅၀ မှ ၇၅၀၀၊ ယခင်တစ်ပတ် ကျပ် ၇၅၀၀ မှ ၇၆၀၀၊ ယခင်လ ကျပ် ၈၀၀၀ မှ ၈၁၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၁၅၀ ၊ ယခင်လထက် ကျပ်  ၆၀၀ မှ ၆၅၀  ဈေးနိမ့်လာသည်။ အနီလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၂၀၀ မှ ၇၅၀၀ ၊ ယခင်တစ်ပတ်ကျပ်  ၇၂၀၀ မှ ၇၃၀၀၊ ယခင်လ ကျပ် ၈၅၀၀ မှ ၈၆၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မြင့်တက်လာပြီး  ၊ ယခင်လထက် ကျပ်  ၁၁၀၀ မှ ၁၂၀၀ နိမ့်ကျလာသည်။ အနီဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၈၀၀ မှ ၇၀၀၀ ၊ ယခင်တစ်ပတ်ကျပ်  ၆၆၀၀ မှ ၆၈၀၀၊ ယခင်လ ကျပ် ၇၀၀၀ မှ ၇၈၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မြင့်တက်လာပြီး ယခင်လထက် ကျပ်   ၂၀၀ မှ ၈၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News