Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

     ဖေဖော်ဝါရီလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းဖြူ၊ နှမ်းနက်များ ဈေးငြိမ်နေပြီး မြေပဲလုံးဆံဖြူ၊ မြေပဲလုံးဆံနီ၊ မြေပဲဆီဆံဖြူဈေးနှုန်းများ ကျဆင်းနေ ကြောင်းသိရပါသည်။ ယခုတစ်ပတ်အတွင်း နှမ်းနက် တစ်တင်း ၂၀၀၀၀၀ ကျပ်မှ၂၄၇၀၀၀ ကျပ်ထိ၊ နှမ်းဖြူတစ်တင်း ၁၀၀၀၀၀ ကျပ်မှ ၁၁၇၀၀၀ ကျပ်ထိရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၂၀၀၀၀၀ ကျပ်မှ ၂၄၇၀၀၀ ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၁၀၀၀၀၀ ကျပ် မှ ၁၁၇၀၀၀ ကျပ်ထိရှိပြီး ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက နှမ်းဖြူနှင့် နှမ်းနက်ဈေး နှုန်းများငြိမ်နေကြောင်း သိရသည်။   

     ယခုတစ်ပတ်တွင် မြေပဲလုံးဆံ ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ် ပိဿာ ၉၃၀၀-၉၄၀၀ ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၉၃၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၉၁၀၀ ကျပ် ထိရှိပြီး ယခင်အပတ် ကာလတူ အချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၇၀၀ ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၉၆၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၉၄၀၀ ကျပ်ရှိ၍ ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၃၀၀ ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၃၀၀ ကျပ်၊ မြေပဲ ဆီဆံဖြူ တစ်ပိဿာ ၃၀၀ ကျပ်နှုန်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

      ဖေဖော်ဝါရီလ တတိယပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၆၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၇၀၂၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၈၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News