Local News

ဧည့်မထဆန်(ဟောင်း)(သစ်)၊ ပေါ်ဆန်းမွှေး(သစ်)နှင့် ဖွဲနုဈေးများတက်ပြီး ပေါ်ဆန်းမွှေးဆန်(ဟောင်း)နှင့် ဆန်ကွဲဈေးများတည်ငြိမ်လျှက်ရှိ

Last Updated:

     ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိသည်။

     ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၈.၂.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၃၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း) တစ်အိတ် ၁၂၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀ဝ ကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ်၄၂၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃၉၀ဝ၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၀၀၀ ကျပ် တို့ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၃.၂.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) (ဟောင်း) တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း) တစ်အိတ်၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၅၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၄၂၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃၉၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၈၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။

     ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) (ဟောင်း)တစ်အိတ် ၅၀၀ဝ ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၇၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်) တစ်အိတ် ၁၅၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ ကျပ်တို့ ဈေးမြင့်တက်ခဲ့ပြီး ပေါ်ဆန်းမွှေး(ဟောင်း)နှင့် ဆန်ကွဲ B(1,2)၊ ဆန်ကွဲB(2,3,4)တို့မှာ ဈေးငြိမ်လျှက်ရှိနေပါသည်။ ဧည့်မထဆန် (မနောသုခ) (ဟောင်း)၊ ဧည့်မထဆန် (မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေး(သစ်)နှင့် ဖွဲနုဈေးများမှာ ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်ရ ခြင်းဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရသည်။   

                                                                                        ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News