Local News

ဘိုကလေးမြို့နယ်မှ ကွမ်းသီးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ကွမ်းသီးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ အများအပြား တင်ပို့ရောင်းချနေရကြောင်း ဘိုကလေးမြို့နယ်မှ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ကွမ်းသီးစိမ်းများကို ရန်ကုန်ဈေးကွက်က ဖေဖော်ဝါရီလ ပထမပတ်မှစတင်၍ ယနေ့(ဖေဖော်ဝါရီလ ၂၃)ရက်နေ့ထိ ဝယ်ယူမှုအားကောင်းနေပြီး အများအပြားတင်ပို့ရောင်းချနေရကြောင်း၊ အဆိုပါ ကွမ်းသီးစိမ်းများ အလုံးရေ ၁၀၀၀ လျှင် ငွေကျပ် ၈၅၀၀၀ ရရှိကြောင်းသိရသည်။

“ဘိုကလေးမြို့နယ်က ထွက်ရှိတဲ့ ကွမ်းသီးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေတဲ့အပြင် ဈေးကောင်းပါပေးဝယ်နေတာပါ။ ဘိုကလေးမြို့နယ်ကနေထွက်တဲ့ ဒေသထွက်ကွမ်းသီးတွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချနေပါတယ်။ လက်ရှိမှာ ကွမ်းသီးအစိမ်းတွေ အရင်ကထက်ရှားလာပါပြီ။ ဒါကြောင့် ကွမ်းသီးစိမ်းတွေက အဝယ်လိုက်နေတာဖြစ်ပါတယ်။ ကွမ်းသီးခြောက်ကအစိမ်းလောက် အရောင်းအဝယ်မဖြစ်ဘူး” ဟု ဘိုကလေးမြို့နယ်မှ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူအောင်က ပြောပြသည်။

ဘိုကလေးမြို့နယ်တွင် ကွမ်းသီးပင်ကို ဖိုးဒီကွဲ၊ သာပေါင်း၊ စက်ဆန်း၊ ထော်ပိုင်၊ ကွမ်းသီးချောင်း၊ ပေချောင်း၊ နတ်ချောင်း၊ လျှောက်ချောင်း စသည့်ကျေးရွားများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News