Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလတွင် ငါးသလောက်ပိဿာချိန် ၅၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလတွင် ငါးသလောက်ပိဿာချိန် ၅၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ငါးသလောက် ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးသလောက်ပိဿာချိန် ၅၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် ငါးသလောက်တစ်ပိဿာလျှင် ငွေကျပ် ၁၂၅၀၀ မှ ၇၈၀၀၀ ထိ အကြီးအသေး အရွယ်အစားအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိကြောင်း သိရသည်။

“ဒေသထွက် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ဇန်နဝါရီလ ငါးသလောက်ပိဿာချိန် ၅၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတယ်။ လက်ရှိလဲ ငါးသလောက်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ငါးသလောက်တွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကိုတင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြသည်။

လပွတ္တာမြို့နယ်က ထွက်ရှိသည့်ငါးသလောက်များကို ဒေသဈေးကွက်အပြင် ရန်ကုန်နှင် နေပြည်တော်ဈေးကွက်ကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးသလောက်များ တင်ပို့ရောင်းချနေရသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News