ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းရာသီတွင် ကြက်သွန်ဖြူကို စိုက်ပျိုးလျက်ရှိပြီး ကြက်သွန်ဖြူအသစ်များ ထွက်ရှိနေကြောင်း ဘုရားဖြူကျေးရွာမှ ကြက်သွန်ဖြူစိုက်တောင်သူတစ်ဦးက ပြောပြသည်။ ကြက်သွန်ဖြူစိုက်တောင်သူများသည် စိုက်ပျိုးရေးစနစ်၊ သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာ သုံးစွဲမှုစနစ်ျများကို ပြုပြင်ပြောင်းလဲစိုက်ပျိုးလာခြင်းကြောင့် ကြက်သွန်ဖြူများ အရည်အသွေးပြည့်ပြီး အထွက်နှုန်းတိုးတက်လာလျက်ရှိသည်။ နေ့စဉ် ကြက်သွန်ဖြူဈေးနှုန်းမှာ အတက်အကျရှိနေသော်လည်း စားသုံးသူအတွက် ဈေးသင့်ပြီး စိုက်ပျိုးရေးတောင်သူများအတွက် အကျိုးအမြတ်ရရှိစေမည့် ပုံသေဈေးနှုန်းကို တောင်သူများက မျှော်လင့်နေကြောင်းသိရှိရသည်။
Source: ကြေးမုံသတင်းစာ