Local News

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးရံ့ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငါးရံ့ ပိဿာချိန်အများအပြား  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခက်မာက ပြောပြသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးရံ့များအပါအဝင် ဒေသရေထွက်ကုန်များကို တင်ပို့ရောင်းချ လျက်ရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ငါးရံ့ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ငါးရံ့ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငါးရံ့တွေ ရန်ကုန်ဈေးကွက်ကို သိသိသာသာတင်ပို့အားကောင်းခဲ့ပါတယ်။ ငါးရံ့တွေ တင်ပို့ရောင်းချအားကောင်းခဲ့တာကလဲ ပြည်တွင်းမှာကို ဝယ်ယူမှုများနေတာကြောင့် ဖြစ်ပါတယ်။ ဒေသထွက် ငါးရံ့တွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိက တင်ပို့တာပါ။ အခုလို ဝယ်ယူအားကောင်းလာတော့ ငါးရံ့မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေ၊ သဘာဝအတိုင်း ငါးရံ့ရှာဖွေဖမ်းဆီးသူတွေ အဆင်ပြေလာပါတယ်” ဟု သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့ရသည့် ငါးရံ့အသေး ၁၀ ပိဿာလျှင် ငွေကျပ် ၁၅၅၀၀၀၊ ငါးရံ့ အလတ် ၁၀ ပိဿာလျှင် ငွေကျပ် ၁၇၅၀၀၀၊ ငါးရံ့အကြီး ၁၀ ပိဿာလျှင် ငွေကျပ် ၂၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News