Local News

ဆန်၊ ဖွဲနု ဈေးကျ၊ ဆန်ကွဲ ဈေးအနည်းငယ် မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၅.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၈၁၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၄၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(2,3,4) တစ်အိတ်လျှင် (၅၂၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၆၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၂.၃.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ) တစ်အိတ်လျှင် (၇၅၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ(1,2) တစ်အိတ်လျှင် (၅၅၀၀ဝိ/-) ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၅၃၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၀၀ဝိ/-) ကျပ် တို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) တစ်အိတ်လျှင် (၆၀၀ဝိ/-) ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၆၀ဝိ/-) ကျပ်တို့ဖြင့် ဈေးကျဆင်းခဲ့ပြီး ဆန်ကွဲ (1,2) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ (2,3,4) တစ်အိတ်လျှင် (၁၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ပေါ်ဆန်းမွှေး ဆန်အနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး ဧည့်မထဆန်နှင့် ဖွဲနု ဈေးကျဆင်းသွားခြင်းမှာ ဆန်သစ်ပေါ်လာခြင်း၊ ကုန်အဝင်များလာခြင်းကြောင့် ဈေးကျဆင်းသွားပါကြောင်းနှင့် ဆန်ကွဲဈေး မြင့်တက်လာခြင်းမှာ ဝယ်လိုအားကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News