Local News

ကြက်သွန်နီစျေး တစ်ဖြည်းဖြည်းကျဆင်းလာ

Last Updated:

ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်ဒေသများတွင် ကြက်သွန်နီကို အဓိကစိုက်ပျိုးကြပါသည်။ ကုန်းမြေနှင့်ချောင်းရိုးတစ်လျှောက် အများအပြားစိုက်ပျိုးကြပါသည်။ မိုးကြက်သွန်နှင့် ဆောင်း ကြက်သွန် နှစ်မျိုးရှိရာ  ဆောင်းကြက်သွန်မှာ ကြာရှည်အထားခံသည့်အတွက် အိမ်ရှင်မများအကြိုက် ဖြစ်ပါသည်။ ကြက်သွန်နီထွက်ရှိသည့်ဒေသများတွင် ထွက်ပေါ်ချိန်တွင် စျေးကောင်းမရဘဲ  ဝယ်လိုအားနည်းနေပါက Value Added အနေဖြင့် ကြက်သွန်ကိုလှီး၍ နေပူတွင်လှမ်းကာ ကြက်သွန်ခြောက်လုပ်ငန်းနှင့် ကြက်သွန်ကြော်လုပ်ငန်းများထုတ်လုပ်၍ လုပ်ကိုင်လျက်ရှိကြပါသည်။ 
ကြက်သွန်နီသီးနှံသည် စားဖို‌ဆောင်တွင် မပါမဖြစ်သီးနှံဖြစ်သည့်အတွက် ပြည်တွင်းစားသုံးမှုများသည့် သီးနှံလည်းဖြစ်သလို အညာဒေသအလှူပွဲများတွင် ရိုးရာအစားအသောက်အနေဖြင့် ငါးခြောက်ကို ကြက်သွန်ဖြင့်ကြော်၍ ကျွေးမွေးကြသည့်ဓလေ့ရှိသည့်အတွက် အလှူပွဲတော်ရက်များတွင် ရောင်းအားကောင်းသည့် သီးနှံလည်းဖြစ်ပါသည်။ ယခုအချိန်သည် စျေးကွက်ထဲသို့ ဆောင်းကြက်သွန်နီများ တစ်ဖြည်းဖြည်းဝင်ရောက်လာပြီ ဖြစ်သည့်အတွက် ကြက်သွန်နီစျေးကျဆင်းလာခြင်း ဖြစ်ပါသည်။ 
မတ်လဆန်းပိုင်းတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၇၀၀)ထိစျေးရရှိခဲ့ရာမှ မတ်လ ကုန်ပိုင်းတွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၈၅၀)စျေးသာရရှိပြီး တစ်ရက်လျှင် ပိဿာချိန် (၅)သောင်းကျော်မှ (၁)သိန်းကျော်အထိ စျေးကွက်ထဲသို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News