Local News

စျေးကျဆင်းလာတဲ့မြေပဲဆံ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံကုန်စည်ဒိုင်တွင် မြေပဲအနီဆံနှင့် မြေပဲအဖြူဆံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲအနီဆံသည် ပြည်ပဝယ်လိုအားရှိနေပြီး မြေပဲဆံအဖြူသည် ပြည်ပဝယ်လိုအားအပြင် ပြည်တွင်းရှိ မြေပဲလှော်လုပ်ငန်း၊ မြေပဲကြော်လုပ်ငန်း၊ မြေပဲယို လုပ်ငန်းများနှင့် ဆီကြိတ်လုပ်ငန်းများမှလည်း ဝယ်လိုအားရှိနေသည့် သီးနှံဖြစ်ပါသည်။
မြေပဲဆံစျေးများသည် မတ်လဒုတိယပတ်တွင် စျေးမြင့်တက်ခဲ့သော်လည်း စျေးကွက်ထဲသို့ အဝင်များနေခြင်းကြောင့် မတ်လနောက်ဆုံးပတ်တွင် စျေးကျဆင်းလာသည်။ ယခုရက်ပိုင်းတွင် မြေပဲဆံအနီမှာအဝင်နည်းနေပြီး တစ်ရက်လျှင် တစ်တင်းခွဲဝင်အိတ် ၁၀၀ လောက်အဝင်ရှိပြီး မြေပဲဆံအဖြူမှာ တစ်ရက်လျှင် တစ်တင်းခွဲဝင်အိတ် ၃၀၀ မှ ၄၀၀ အတွင်း ဝင်‌ရောက်လျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။ 
မတ်လဒုတိယပတ်တွင် မြေပဲဆံ(အနီ)တစ်ပိဿာလျှင် ကျပ်(၈၂၀၀)နှင့် မြေပဲဆံ(အဖြူ) တစ်ပိဿာလျှင် ကျပ်(၆၅၅၀)စျေးထိရရှိခဲ့ပြီး မတ်လနောက်ဆုံးပတ်တွင် မြေပဲဆံ(အနီ)တစ်ပိဿာ လျှင်ကျပ်(၇၈၀၀)နှင့် မြေပဲဆံ(အဖြူ) တစ်ပိဿာလျှင် ကျပ်(၆၃၀၀)စျေးသာ ရရှိခဲ့သည့်အတွက် ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက မြေပဲဆံ(အနီ)တစ်ပိဿာလျှင် ကျပ်(၄၀၀)၊ မြေပဲဆံ(အဖြူ)တစ်ပိဿာ လျှင်ကျပ်(၂၅၀)အထိ စျေးအနည်းငယ် ကျဆင်းလာတာကို တွေ့ရှိရပါသည်။ 

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News