Local News

ပြည်ခရိုင်မှ သကြားစက်များ၏ ကြံကြိတ်ခွဲထုတ်လုပ်ပြီးစီးမှုနှင့် ဈေးနှုန်း၊ ဈေးကွက်

Last Updated:

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကြံကြိတ်ဝါးရာသီကာလတွင် ပြည်ခရိုင်ရှိ ပြည်မြို့နယ်မှ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်မှ အင်ငါးခွသကြားစက်တို့မှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက် နေ့မှ စတင်လည်ပတ်ခဲ့ရာမှ နဝဒေးသကြားစက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက် နေ့တွင် အပြီးသတ်ကြိတ်ဝါးခဲ့ပြီး အင်ငါးခွသကြားစက်မှာ ၂၀၂၅ခုနှစ်၊ မတ်လ (၁၂)ရက်နေ့တွင် အပြီးသတ်ကြိတ်ဝါးပြီးဖြစ်ပါသည်။

သကြားစက်များအနေဖြင့် အပြီးသတ်ကြိတ်ဝါးပြီးချိန်မှာ နဝဒေးသကြားစက်၏ ကြိတ်ခွဲနိုင် ခဲ့သည့် ကြံတန်ချိန်မှာ (၂၃၈၀၀၀)ဖြစ်ပြီး သကြားအထွက်မှာ (၂၃၁၀၀၀)ကျော် ထွက်ရှိပါသည်။ အင်ငါးခွသကြားစက်၏ ကြိတ်ခွဲနိုင်ခဲ့သည့် ကြံတန်ချိန်မှာ (၁၂၁၀၀၀)ကျော်ဖြစ်ပြီး သကြားအထွက် မှာ (၁၁၁၀၀)ကျော်ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်တွင် ယခင်နှစ်က သကြား တစ်ပိဿာလျှင် (၃၅၀၀-၃၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပိဿာလျှင် (၅၀၀၀-၅၂၀၀)ကျပ်ဈေးရှိပြီး ဒေသတွင်း လက်လီ/ လက်ကားဝယ်ယူသူများ၊ တိုင်းအတွင်းအခြားမြို့နယ်များမှ ဝယ်ယူသူများဖြင့် ပုံမှန် အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News