Local News

ကိုးရီးယားနိုင်ငံသို့ ပင်လယ်ဆားတင်သွင်းခွင့်ပြုသည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်လာပြီ

Last Updated:

၂၀၂၅ မတ်လ ၂၁ ရက်နေ့ တောင်ကိုရီးယားနိုင်ငံ Government Website တွင် ကိုရီးယားနိုင်ငံ၏ Food and Safety ဌာနမှ ကြေညာချက်အရ ထုတ်ပြန်ခဲ့သော ပင်လယ်ဆား တင်သွင်းခွင့်ပြုသည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်လာပြီဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာ့ဆားတင်ပို့နိုင်ရေးအတွက်၂၀၂၃ စက်တင်ဘာလ ၁၄ ရက် မွန်ပြည်နယ် ဆားလုပ်ငန်းအသင်းဥက္ကဌမှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မွန်ပြည်နယ် တာဝန်ခံထံသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂၀၂၃ စက်တင်ဘာ ၁၅ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံရှိ မြန်မာစီးပွားရေးသံမှူးနှင့် Viber မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းမှ အစပြု၍ ဆားတင်ပို့ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာ့ဆား တောင်ကိုရီးယားနိုင်ငံသို့ တင်သွင်းခွင့်ရရှိရေးအတွက် မွန်ပြည်နယ်အစိုးရ အဖွဲ့၊ စီးပွားရေးရာဝန်ကြီး၏လမ်းညွှန်မှု၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးချုပ်၏ဦးဆောင်မှု၊ သတ္တုတွင်းဦးစီးဌာန၊ ဆားလုပ်ငန်းဌာနခွဲ မွန်ပြည်နယ်ဆားလုပ်ငန်းရုံးနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ မွန်ပြည်နယ်တာဝန်ခံတို့၏ ပေါင်းစပ်ဆောင်ရွက်မှုဖြင့်နေလှန်းဆားတန် ၂၀ အား တင်ပို့နိုင်ရေး မြန်မာနိုင်ငံမှ MONKO INTERNATIONAL SERVICES COMPANY LIMITED နှင့် တောင်ကိုရီးယားနိုင်ငံ MOBYDICK DEVELOPMENT Co., Ltd တို့မှ အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ကြိုးပမ်းဆောင်ရွက်မှု၏ အသီးအပွင့်အဖြစ် တောင်ကိုရီးယားနိုင်ငံ Government Website  တွင် ကိုရီးယားနိုင်ငံ၏ Food and Safety ဌာနမှ ပင်လယ်ဆားတင်သွင်းခွင့်ပြုသည့် နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံ ပါဝင်လာပြီဖြစ်ကြောင်း MONKO INTERNATIONAL SERVICES COMPANY LIMITED,  Director ၏ သတင်းပေးပို့မှုအရ ကိုရီးယားနိုင်ငံ၏ Food and Safety Website တွင် ဝင်ရောက်လေ့လာခဲ့ရာ ၂၀၂၅ မတ်လ ၂၁ ရက် နေ့စွဲဖြင့် တောင်ကိုးရီးယားနိုင်ငံသို့ ပင်လယ်ဆားတင်သွင်းခွင့်ပြုသည့် နိုင်ငံ ၃၂ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်လာပြီဖြစ်ကြောင်း ကြေညာထားသည့်အတွက် မြန်မာ့ဆား အရည်အသွေးနှင့် စားသုံးရန် စိတ်ချရမှုကို နိုင်ငံတကာ က အသိအမှတ်ပြုလာကြောင်းနှင့် ဆားစားသုံးသည့်ဈေးကွက် ကြီးမားသော ကိုးရီးယားနိုင်ငံသို့ မြန်မာ့ဆားများ တင်ပို့နိုင်မည့်အခွင့်အလမ်းတစ်ခုဟု ဆိုရမည်ဖြစ်ပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး
 

Category: Local News