Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏ ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၃,၀၁၇,၀၀၀၊ မတ်ပဲ SQ/RC (2024 Crop) ကျပ် ၃,၃၁၇,၀၀၀ နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကျပ် ၂,၉၆၀,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC(2024Crop) ကျပ် ၆,၀၀၀ နှင့် မတ်ပဲ SQ/RC (2024 Crop) ကျပ် ၇,၀၀၀ ဈေးကျဆင်းခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop )ကျပ် ၂၀,၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ ကွန်တိန်နာ ၁၁၀ လုံး (တန်ချိန် ၂၆၄၀) နှင့် ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၇၀ လုံး (တန်ချိန် ၁၆၈၀) ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၁၅၀ လုံး (တန်ချိန် ၃၆၀၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၄၀လုံး (တန်ချိန်၉၆၀) ပိုမိုဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC(2024 Crop) ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) လျော့ နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲငရုတ် (သစ်) AC ကျပ် ၉,၀၀၀၊ မြားနီ ကျပ် ၉,၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၇,၀၀၀ နှင့် မိုးထောင် မြစ်ဝပု ကျပ် ၁၀,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ် (သစ်) AC ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး မြားနီ ကျပ် ၅၀၀ နှင့် မိုးထောင်မြစ်ဝပု ကျပ် ၅၀၀ အသီးသီး ဈေးမြင့် တက်ခဲ့ပြီး ကျန်ငရုတ်သီး မှာဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ် ရှည် အိတ်ပေါင်း ၈၇၀၀ (၁၇၄,၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၇၀၀ (၁၀,၅၀၀ ပိဿာ) ဝင် ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၇၅၀၀(၁၅၀,၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ် ပေါင်း ၈၀၀ (၁၂,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ် ပေါင်း၁၂၀၀(၂၄,၀၀၀ပိဿာ)လျော့နည်းဝင်ရောက်ခဲ့ပြီး ငရုတ်ပုအိတ်ပေါင်း၁၀၀(၁,၅၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။

မန်ကျည်းသီး

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်)ကျပ် ၅၈၀၀၊ မန်ကျည်းအသား(သစ်)ကျပ် ၈၀၀၀နှင့် မန်ကျည်းသီး(ရမည်းသင်းဒါးဇင်း) ကျပ် ၅၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများဈေးငြိမ်လျက်ရှိသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၇၁၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၈၀၀၀၊ ကြံသကာ ကျပ် ၅၀၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၅၁၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင် (ဒုံး) ကျပ် ၂၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News