Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

       ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်မှုကုန်ချောအနေဖြင့် ဇီးယိုထုပ်အရေအတွက် ၄၃ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးယိုထုပ်အရေအတွက် ၂၀ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ဇီးယိုထုပ်အရေအတွက် ပိုမို၍တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ဇီးယိုထုပ်တင်ပို့နိုင်မှု ငွေပမာဏမှာ ၁၀၇၅၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။                                                                               

 Source: သဇင်မြေကုန်သွယ်မှုဗဟိုဌာန

 

Category: Local News