Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

     ဧပြီလ နောက်ဆုံးပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ကုလားပဲ 929 ဈေးငြိမ်ပြီး ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီး၊ CP ပြောင်းဖူးစေ့၊ မတ်ပဲနှင့် ပဲကြီးဈေးနှုန်းများ မြင့်တက်၍ ပဲစဉ်းငုံ၊ ဂျုံဖြူသန့် ဈေးနှုန်းများ အနည်းငယ် ကျဆင်းသွားသည်။ ဧပြီလ နောက်ဆုံးပတ်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူ သန့်တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၇၄၇၀၀)ကျပ်၊ မတ်ပဲ (၆၅၇၀၀-၆၇၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၆၁၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၈၈၅၀၀-၉၀၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့်တစ်တင်းလျှင် (၅၄၀၀၀-၅၂၀၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၆၅၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၈၃၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ပဲကြီးတစ်တင်းလျှင်(၅၀၀၀)ကျပ်နှင့် မတ်ပဲတစ်တင်းလျှင် (၅၀၀)ကျပ် မြင့်တက်နေပြီး၊ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၀၀)ကျပ်နှင့် ပဲစဉ်းငုံတစ်တင်းလျှင် (၃၀၀)ကျပ် ကျဆင်းနေကြောင်း သိရသည်။

       ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၃၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၇၃၅၀၀)ကျပ်၊ 929 (၇၁၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၂၈၀၀)ကျပ်၊ကုလားပဲဖြူလုံးသေး (၇၂၈၀၀)ကျပ်၊ 929 (၇၁၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929 ဈေးငြိမ်နေပြီး ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၀၀)ကျပ် မြင့်တက်သွားကြောင်း သိရသည်။ CP ပြောင်းဖူးစေ့တစ်တင်းလျှင် (၂၀၄၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ဈေး အနည်းငယ်မြင့်တက်နေ ကြောင်း သိရပါသည်။

 Source: ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News