Local News

ဆန်ဈေးအနည်းငယ်ကျဆင်း၊ ဆန်ကွဲ၊ ဖွဲနု ဈေးအနည်းငယ်မြင့်တက်

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၁၂.၄.၂၀၂၄ ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်လျှင် (၇၆၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တစ်အိတ် လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၅၂၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် လျှင် (၅၀၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၆.၄.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်လျှင် (၉၀၀၀ဝိ/-) ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် (၁၃၀၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၅၅၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၅၄၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၁၅၃၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဆန်ကွဲ B(1,2) တစ်အိတ်လျှင် (၃၀၀ဝိ/-)ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်လျှင် (၄၀၀ဝိ/-)ကျပ်နှင့် ဖွဲနု တစ်အိတ်လျှင် (၃၀ဝိ/-)ကျပ်တို့ဖြင့် ဈေးမြင့်တက်ခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ်လျှင် (၃၀၀ဝိ/-) ကျပ် ဈေးကျဆင်းခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန်အနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဆန်ကွဲနှင့် ဖွဲနု ဈေးမြင့်တက်သွားခြင်းမှာ ဝယ်လိုအားကောင်း၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဧည့်မထဆန်ဈေး ကျဆင်းသွားခြင်းမှာ ဆန်သစ်များပေါ်လာခြင်း၊ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News