Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲပုပ်အရောင်းသွက်၍ ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ဧပြီလ နောက်ဆုံးပတ်အတွင်း ရေဦးဘက်မှထွက်ရှိသည့်ပဲပုပ်များ ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လက်မှလည်း အနည်းငယ်ဝယ်ယူမှု ရှိသောကြောင့် ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှ သိရသည်။

ပဲပုပ် (ဗမာ) ၅၃.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၆၀၀၀၀ မှ ၁၆၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၅၈၀၀၀ မှ ၁၆၀၀၀၀၊ ယခင်လ ကျပ် ၁၆၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၂၀၀၀ မှ ၅၀၀၀၊ ယခင်လထက် ကျပ် ၅၀၀၀ မြင့်တက်လာသည်။

ပဲပုပ် (ရှမ်း) ၅၃.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၀၀၀၀ မှ ၁၆၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၅၀၀၀၀ မှ ၁၆၂၀၀၀၊ ယခင်လ ကျပ် ၁၅၅၀၀၀ မှ ၁၆၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၂၀၀၀  ၊ ယခင်လထက်ကျပ်  ၅၀၀၀ နိမ့်ကျလာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News