Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်သွယ်မှုလျာထားချက်မှာပို့ကုန်(၂၇.၄၂၀) ဒေါ်လာသန်းနှင့် သွင်းကုန်(၂.၁၅၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၉.၅၇၀) ဒေါ်လာသန်းဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလ ၂၂ ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၃၂.၃၈၇) ဒေါ်လာသန်း၊ သွင်းကုန်(၄.၃၅၉)ဒေါ်လာသန်း၊ စုစုပေါင်း(၃၆.၇၄၆)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၂၄.၂၆၉%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ ၂၂ ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲယင်း၊ ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ စွန်တာနီပဲ၊ ပဲလွန်း၊ပဲတီစိမ်း(အနီ)သီဟိုဌ်စေ့၊ ဖရဲသီး၊ ရွှေဖရုံသီး၊ ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး(အစေ့ပါ)၊ ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့် လောင်စာတောင့်တို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၁ ရက်မှ ဧပြီလ ၂၂ ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၃၂၃) တန်၊ တန်ဖိုး(၁.၄၉၉) ဒေါ်လာသန်း၊ သစ်သီးဝလံတင်ပို့မှုအနေဖြင့် ဖရဲသီးတန်ချိန် (၄၀၀)တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ငရုတ်သီးတန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ငရုတ်ခြောက် တန်ချိန် (၂၄၇.၈၀၀)တန်၊ တန်ဖိုး (၀.၃၆၇) ဒေါ်လာသန်းနှင့် ကြက်သွန်နီတန်ချိန် (၃၅၄) တန်၊ တန်ဖိုး (၀.၁၃၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၁၇.၁၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်းတန်ချိန် (၁၂၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်းတန်ချိန် (၄၈.၉၅၈) တန်၊ တန်ဖိုး (၀.၂၄၄) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News