Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၂၂ ရက်နေ့ထိ ပို့ကုန် ကန်ဒေါ်လာ (၅.၄၈၆) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၃.၆၆၁) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၉.၁၄၇)သန်း ဆောင်ရွက် နိုင်ခဲ့ပါသည်။ ၂၂-၄-၂၀၂၄ ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၂,၅၂၆.၆၄၇) တန်၊ တန်ဖိုး (၀.၅၆၇) ဒေါ်လာသန်း၊ လိမေ္မာ်သီး  (၁၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်းနှင့် ပလပ်စတစ်ဖြတ်စ (၁၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၅၉၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် ၂၂-၄-၂၀၂၄ ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၅၅.၀၂၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး ၂၂-၄-၂၀၂၄ ရက်တွင် ဓာတ်ဆီ (၀.၁၇၆) ဒေါ်လာသန်း၊ ဒီဇယ်(၀.၁၆၈) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၂၅) ဒေါ်လာသန်း၊ ပလပ်စတစ်ခွက် ​(၀.၀၁၇) ဒေါ်လာသန်း၊ ဆောက်လုပ် ရေးပစ္စည်း (၀.၀၃၈) ဒေါ်လာသန်း၊ တစ်ရှူးစက္ကူ (၀.၀၀၅) ဒေါ်လာသန်းနှင့် အခြားပစ္စည်း  (၀.၀၀၈) ဒေါ်လာသန်း အပါအဝင် (၀.၄၃၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News