Local News

အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊‌ ရွှေပြည်သာမြို့နယ်တွင် တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့အား အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့်အပြည်ပြည်ဆိုင်ရာကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၄-၄-၂၀၂၄ ရက်နေ့မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက်  အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ (OSS) များမှ ၂၄-၄-၂၀၂၄ ရက်နေ့မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။ လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်လုပ်ငန်းများဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News