Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၈၅၈၁) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၅၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၉၃၃၂) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇွန်လ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့အထိ လယ်ယာထွက် ကုန်ပစ္စည်းအနေဖြင့်  ငရုတ်သီး (၁၉၉.၇၁၂) တန်၊ တန်ဖိုး (၀.၁၇၅၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၃၅.၆၈) တန်၊ တန်ဖိုး (၀.၁၀၅၅) ဒေါ်လာသန်း၊ သိဟိုဠ်စေ့ (၅၇.၁၂) တန်၊ တန်ဖိုး (၀၁၆၀၁) ဒေါ်လာသန်း၊ ရေထွက် ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၂၅၆.၀၁၄၀) တန်၊ တန်ဖိုး (၀.၄၁၃၆) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီး (၅) တန်၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း ၊ ကျောက်မှုန့် (၁၇၆)တန်၊ တန်ဖိုး (၀.၁၃၄) ဒေါ်လာသန်း ၊ ကြွေပြား (၄၂၈၇) M2၊ တန်ဖိုး (၀.၀၁၀၀) ဒေါ်လာသန်း၊ ဖိနပ် (၃၈၄၀၀) ရံ၊ တန်ဖိုး (၀.၀၀၄၄) ဒေါ်လာသန်း၊ ELECTRIC PAN (၁၅၀၀) U၊ တန်ဖိုး (၀.၀၀၆၂) ဒေါ်လာသန်း၊ A4 PAPER (၄၀) တန်၊ တန်ဖိုး (၀.၀၃၉၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၁၀၈.၁၅၄) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၄၄၃.၀၉၀) ဒေါ်လာနှုန်း၊ ကဏန်း (၁၆၈၉.၀၉၇) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၃.၂၀၃) ဒေါ်လာနှုန်း၊  ငရုတ်သီး (၈၇၈) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၄၇.၆၄) ဒေါ်လာနှုန်း၊  သိဟိုဠ်စေ့ (၂၀၈၀၂.၈၇) ဒေါ်လာနှုန်း၊ တံမြက်စည်း (၀.၂) ဒေါ်လာနှုန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၃၂၀) ဒေါ်လာနှုန်း၊ ကျောက်မှုန့် (၇၆.၁၄) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃၃) ဒေါ် လာနှုန်း၊ ကျောက်မှုန့် (၇၆.၁၄) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ ELECTRIC PAN (၄.၁၃) ဒေါ်လာနှုန်း၊   A4 PAPER (၉၇၈.၅၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၂-၆-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၈၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၂၁.၉၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News