Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

 ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၈.၀၀၀) သန်းဖြစ်ပြီး (၂၂-၆-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၄.၂၈၅)သန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၇၉.၃၆၁%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၅၉၂၀.၁၀၇) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၈၄၂) သန်းနှင့် သွင်းကုန် (၁၆၈၇.၉၄၇) တန်၊(၁၆၃၅၁၈) 2U၊ (၁၈၇၄) U၊ (၂၁၅၉.၂၅၈) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၄၅၈) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ(၃.၃၀၀)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ရက်နေ့မှ ၂၂ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်း အုပ်စုတွင် (၄၂၀.၆၆၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၆၃) သန်း၊ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် (၅၂၇၈.၉၄၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၂၆၁) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၂၂၀.၅၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၁၈) သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၁.၈၄၂) သန်း တင်ပို့ နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၅၃၂၄၂.၆၀၃) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၂.၁၃၇) သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်        အမည်        အရေအတွက်  ဈေးနှုန်း

          (၁)     ဇာပျက်         ၁ ကီလိုဂရမ်   ၁.၂၃၀ ဒေါ်လာ

          (၂)     ကပျက်(150-200 gm)          ၁ ကီလိုဂရမ်   ၀.၉၆၂ ဒေါ်လာ

          (၃)     ဇလုံး(500-1000 gm) ၁ ကီလိုဂရမ်   ၁.၁၀၀ဒေါ်လာ

          (၄)     ငါးမဲလုံး(1000 gm down)     ၁ ကီလိုဂရမ်   ၀.၉၀၀ ဒေါ်လာ

          (၅)     ကြိမ်မွေ့တောင်း               ၁ ကီလိုဂရမ်                       ၃.၈၉၀ ဒေါ်လာ

                    (800 gm down)

          (၆)     ကင်းမွန်(8 cm down)          ၁ ကီလိုဂရမ်   ၁.၇၉၀ ဒေါ်လာ

          (၇)     ကျောက်ငါး(500-1000 gm)   ၁ ကီလိုဂရမ်   ၁.၃၇၆ ဒေါ်လာ

          (၈)     ဇာခြမ်း          ၁ ကီလိုဂရမ်   ၁.၂၂၆ဒေါ်လာ

          (၉)     မယ်တော်လက်သဲ     ၁ ကီလိုဂရမ်            ၁.၆၁၀ ဒေါ်လာ

         (၁၀)    ပါးနီ      ၁ ကီလိုဂရမ်   ၂.၃၇၀ ဒေါ်လာ

Source: https://commerce.gov.mm

Category: Local News