Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၁၈) ရက်နေ့မှ (၂၂) ရက်နေ့အတွင်း ပို့ကုန်ပြောင်း (၁) တန်လျှင် (၂၂၆.၅) ဒေါ်လာနှုန်းဖြင့် (၃၅၀၀) တန် ၊ တန်ဖိုး (၀.၇၉၃) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၁) တန်လျှင် (၂၇၇၇.၀၀) ဒေါ်လာနှုန်းဖြင့် (၁၄၀) တန် ၊ တန်ဖိုး (၀.၃၈၉) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုး (၁.၁၈၂) ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်း အထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၁၈)ရက်နေ့မှ (၂၂) ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ  (၁) တန်လျှင် (၈၃၄) ဒေါ်လာနှုန်းဖြင့် (၆၀၀) တန်၊ တန်ဖိုး (၀.၅၀) ဒေါ်လာသန်း၊ ဓာတ်ဆီ  (၁) တန် လျှင် (၉၉၀) ဒေါ်လာနှုန်းဖြင့် (၅၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်၊ ပုဇွန်စာ  (၁) တန် လျှင် (၂၈၆) ဒေါ်လာနှုန်းဖြင့် (၅၀) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်အား တင်သွင်းနိုင်ခဲ့ပြီး စုစုပေါင်း သွင်းကုန်တန်ဖိုး (၀.၅၆၄)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ(၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၁၆.၂) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News