Local News

နှမ်းမျိုးစုံ ဈေးကွက်တွင် စမုံ နှမ်းနက် ဈေးကောင်းရနေ

Last Updated:

ဇူလိုင်လ စတုတ္ထပတ်တွင်  မန္တလေးကုန်စည်ဒိုင်သို့ ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ မြစ်သားတို့မှ နှမ်းမျိုးစုံဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ နှမ်းမျိုးစုံ ဈေးကွက် ပုံမှန် အရောင်းအဝယ်ဖြစ်နေသော်လည်း ယခင်နှစ်လခန့်ကလောက် အရောင်းမသွက်ကြောင်း၊ စမုံနှမ်းနက်မှာ အခြားနှမ်းများထက် ဈေးကောင်းရနေကြောင်းသိရသည်။

နှမ်းနက် (စမုံ) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၄၉၀၀၀၀ မှ ၅၅၀၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၄၇၀၀၀၀မှ ၅၁၀၀၀၀၊ ယခင်လတွင်ကျပ် ၄၄၅၀၀၀မှ ၄၄၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀၀မှ ၄၀၀၀၀၊ ယခင်လထက်ကျပ် ၄၅၀၀၀မှ ၈၀၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၄၂၀၀၀၀မှ ၄၃၅၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၄၂၀၀၀၀မှ ၄၃၀၀၀၀၊ ယခင်လတွင်ကျပ် ၄၁၅၀၀၀ မှ ၄၂၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၅၀၀၀မှ ၁၀၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၃၈၅၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၃၈၅၀၀၀မှ ၃၉၅၀၀၀၊ ယခင်လတွင်ကျပ် ၃၆၅၀၀၀မှ ၃၇၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀မှ ၂၀၀၀၀ မြင့်တက်လာသည်။

နှမ်းညို ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၃၅၀၀၀ မှ  ၃၅၀၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ် ၃၂၅၀၀၀မှ ၃၃၀၀၀၀၊ ယခင်လတွင် ကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ခန့် ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀မှ ၂၀၀၀၀၊ ယခင်လထက်ကျပ် ၃၅၀၀၀မှ ၄၅၀၀၀ မြင့်တက်လာသည်။                            
source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News