Local News

ဧည့်မထဆန်နှင့် ဆန်ကွဲဈေးများ ဆက်လက်ကျဆင်းလျက်ရှိ

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၈.၇.၂၀၂၄) ရက်နေ့တွင် ဧည့်မထ ဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၁၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၇၄၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၆.၇.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၆၈၀၀ဝကျပ်၊ ပေါ်ဆန်းမွှေး ဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၀၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၅၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၇၄၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၂၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)  တစ်အိတ် ၁၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၃၀၀၀ကျပ် ဈေးကျဆင်းခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန် နှင့် ဖွဲနုဈေးများအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထ ဆန် (မနောသုခ)(သစ်)၊ ဆန်ကွဲ B(1,2)နှင့် ဆန်ကွဲ B(2,3,4) ဈေးများကျဆင်းသွားခြင်းမှာ ကုန် ကြမ်းများများပြားလျက်ရှိနေပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင် ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News