Local News

တစ်ရိပ်ရိပ်မြင့်တက်နေတဲ့ မြေပဲဆံဈေး

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း အဓိကစိုက်ပျိုးသည့်သီးနှံများတွင် မြေပဲသီးနှံလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ တိုင်းဒေသကြီးအတွင်း နေရာအနှံ့အပြား စိုက်ပျိုးကြပြီး စိုက်ဧကအနေဖြင့် (၇၉၇၁၃၃) ဧက စိုက်ပျိုးကြပါသည်။ မြေပဲဆန်ကို အနီနှင့်အဖြူဆန် နှစ်မျိုး စိုက်ပျိုးကြကာ အနီဆန်ကို ပြည်ပပို့ကုန်အဖြစ် သီးသန့်စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှုနည်းပါသည်။ အဖြူဆန်ကို ဆီကြိတ်ခြင်းလုပ်ငန်း၊ မြေပဲဆားလှော်လုပ်ငန်း၊ ယိုလုပ်ငန်းတွေမှာ အသုံးများသည့်အတွက် ပြည်တွင်းစားသုံးမှုများပါသည်။ ဆီကြိတ်သည့်အခါ အနီဆန်ချည်းကြိတ်ပါက ချွဲသည့်အတွက် အဖြူဆန်နှင့်ရော၍ကြိတ်မှသာ အဆင်ပြေကြောင်း ဆီကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

မြေပဲဆန်စျေးများမြင့်တက်လာသည့်အတွက် မြေပဲဆီစျေးများလည်း မြင့်တက်လာတာကိုတွေ့ရသည်။ မြေပဲဆန်စျေးများသည် ဇွန်လထက်ဇူလိုင်လတွင်ပို၍ တစ်ဖြေးဖြေး မြင့်တက်လာတာကို တွေ့ရှိရသည်။

မြေပဲဆန်(အနီ) တစ်ပိဿာလျှင် ဇွန်လတွင် ကျပ် ၆၆၀၀/၆၈၀၀/၇၃၀၀/၇၄၀၀/၇၅၀၀ စျေးတို့ အသီးသီးရှိခဲ့ရာမှ ဇူလိုင်လတွင် မြေပဲဆန်(အနီ)တစ်ပိဿာလျှင် ကျပ် ၇၅၀၀/၇၆၀၀/ ၇၇၀၀/၇၉၀၀ စျေးထိ မြင့်တက်လာပါသည်။ မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် ဇွန်လတွင် ကျပ် ၆၉၅၀/၇၀၀၀/ ၇၁၀၀/၇၃၀၀/၇၄၀၀/၇၅၀၀/၇၆၀၀/၇၇၀၀စျေးတို့ အသီးသီးရှိခဲ့ရာမှ ဇူလိုင်လတွင် မြေပဲဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၇၇၀၀/၇၈၀၀/၇၉၀၀ စျေးတို့အထိ တစ်ရိပ်ရိပ်မြင့်တက်လာကြောင်း အောင်လံ ကုန်စည်ဒိုင်စျေးနှုန်းများအရ သိရှိရသည်။

source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News