Local News

ခရမ်းချဉ်သီးစျေးများ ကျဆင်းလာ

Last Updated:

မကွေးမြို့ပေါ်ရှိစျေးများတွင် ဇွန်လအတွင်း ခရမ်းချဉ်သီးစျေးများ မြင့်တက်လာရာမှ ဇူလိုင်လ စတုထ္ထပတ် တွင် ကျဆင်းလာသည့်အတွက် အခြေခံလူတန်းစားများ အဆင်ပြေလျက် ရှိနေပါသည်။ အညာဒေသ၏ စားဖိုဆောင်တိုင်းတွင် ခရမ်းချဉ်သီးသည် မည်သည့်ဟင်းမဆို ထည့် သွင်းစားသုံးလေ့ရှိသဖြင့် စျေးကျချိန်တွင် အိမ်ရှင်မများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသောက် နိုင်ပြီ ဖြစ်ပါသည်။

ခရမ်းချဉ်သီးကို ရှမ်းပြည်ဘက်မှလည်း အဝင်ရှိသလို မိမိတို့ဒေသမှလည်း အနည်းငယ် စိုက်ပျိုးထွက်ရှိပါသည်။ မိမိတို့ဒေသမှ ခရမ်းချဉ်သီးမျိုးသည် စားလို့ကောင်းသော်လည်း ကြာကြာ အထားမခံဘဲ ရှမ်းပြည်ဘက်မှ ခရမ်းချဉ်သီးမှာ ကြာကြာအထားခံသည့်အတွက် များများ ဝယ်ယူထား၍ရပါသည်။

ဇွန်လတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၅၀၀၀ စျေးအထိ ဝယ်ယူစားသုံးရသည့်အတွက် အိမ်ရှင်မများ ချွေတာစွာဖြင့်သုံးစွဲနေရကာ ဇူလိုင်လယခုရက်ပိုင်းတွင် ခရမ်းချဉ်သီးစျေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀၀ စျေးသာ ရှိတော့သည့်အတွက် တစ်ပိဿာလျှင် ၁၅၀၀ ကျပ် စျေးကျကာ စားသုံးသူပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ပြီ ဖြစ်ပါသည်။

source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News