Local News

ဆိပ်ဖြူမြို့၊ ကုန်စိမ်းသီးနှံဈေးကွက်၌ဖြစ်ပေါ်နေသော ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် ကြက်သွန်ဖြူနှင့် အာလူးသီးနှံကို ရေမြေရာသီဥတုနှင့်မကိုက်ညီ၍ စိုက်ပျိုးခြင်းမရှိခြင်းကြောင့် ဒေသတွင်းစားသုံးမှုလိုအပ်ချက်အရ အခြားမြို့နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူသီးနှံကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် ယောဒေသ ဆော၊ ပေါက်၊ ကျောက်ထုမြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်ဖြူသီးနှံမှာ ဈေးကွက်တွင် ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် ကြက်သွန်ဖြူအမျိုးအစား၊ အရည်အသွေးနှင့် အရွယ်အစားကိုလိုက်၍ ဗမာကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၃၅၀၀-၁၀၀၀၀)၊ ကြက်သွန်ဖြူ အမြောင့်တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၄၀၀၀)၊ ရှမ်းပြည်(ကြူကုတ်) တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀-၉၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

အာလူးသီးနှံများကိုလည်း ဆိပ်ဖြူဈေးကွက်သို့ ရှမ်းပြည်အောင်ပန်းမြို့မှ အများဆုံးဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အာလူးသီးနှံမှာ ဒေသတွင်းစားသုံးမှုများ၍ အရောင်းအဝယ်သွက်ကြောင်း၊ အားလူးအလုံးအကြီးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၃၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်၍အရောင်းအဝယ်ဖြစ်ပြီး ဒေသတွင်းနယ်မြေအခြေအနေနှင့် သယ်ယူစရိတ်ကြီးမြင့်ခြင်းကြောင့် ဈေးကျဆင်းခြင်းမရှိကြောင်း ကုန်စိမ်းသီးနှံဈေးကွက်မှသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News